ပျက်စီးနေတဲ့ကလေး

ပျက်စီးနေတဲ့ကလေးဟာ ပျက်စီးနေတဲ့ လူ့အဖွဲ့အစည်းရဲ့ ထုတ်ကုန်တခု ဖြစ်ပါတယ်။
ဒီလိုလူ့အဖွဲ့ အစည်းအတွင်းမှာ ပျက်စီးနေတဲ့ကလေးငယ်ဟာ ဘ၀ကို ကြောက်စရာကောင်းတဲ့ ပုံစံနဲ့ ဆုပ်ကိုင်ထားပါတယ်။ သူ့ကို လွတ်လပ်မှုပေးရမဲ့အစား လုပ်ချင်ရာလုပ်ခွင့်ပေးထားတယ်။ ကလေးဟာ လွတ်လပ်မှုအစစ်အမှန်ရဲ့ အနက်အဓိပ္ပာယ်ကို မသိရှာဘူး။ လွတ်လပ်မှုဆိုတာ ဘ၀ကို ချစ်မြတ်နိုးမှု ဖြစ်တယ်ဆိုတာ Continue reading

Categories: Uncategorized | Leave a comment

နိုင်ငံရေးဟာသလေးတွေပါ

တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး
နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
ပထမ အကြီးအကဲ ” တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက်
ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ”
ဒုတိယ အကြီးအကဲ ” တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင်
လူနှစ်ယောက်ပျော်ရမယ်”
တတိယ အကြီးအကဲ “တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက်
ပျော်ရမယ်”
သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို
ပြောလိုက်သတဲ့…
“အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့
လူတွေအားလုံး ပျော်ကြမှာပဲ” ဟူတည်း။(ဆက်ဖတ်ချင်သေးတယ်ဆိုရင်—-

Categories: Uncategorized | Leave a comment

နှစ်ဘ၀စာ ညရေးညတာ

ဆက်သွားမယ်နော်

Categories: Uncategorized | Leave a comment

ရှင်းတမ်း

ဆက်သွားမယ်

Categories: Uncategorized | Leave a comment

လောင်းရိပ်အောက်က အလေ့ကျသစ်ပင် (သို့) ဒို့မြို့ဒို့ရွာဟာ ဒို့ကမ္ဘာ သေချာရဲ့လား

ဆက်သွားမယ်နော်http://zoe-zoe-zoeeoz.blogspot.com/2012/01/blog-post_22.html

Categories: Uncategorized | Leave a comment

မိမိကိုယ်တိုင်သွားပါ

သံသရာမှာ ဝေဒနာဆိုတာ တခမ်းတနား ဖွဲ့ဆိုရမည့် အရာလား၊ သံယောဇဉ်တရား မှန်သမျှသည် ပူပန်စေတတ်သည်၊ ကျွန်တော်တို့သည် ထိုသံယောဇဉ်တရားတို့၏ အကြား၌ ကြီးပြင်းခဲ့ရသူများ ဖြစ်သည်၊ သံယောဇဉ် မထားချင်သောသူသည် သံယောဇဉ်မရှိသော နေရာသို့ သွားရောက်နေထိုင်မှသာ ထိုသံယောဇဉ်ဟူသော အရာနှင့် ဝေးမည်ဖြစ်သည်၊ ရှေးလူကြီးသူမများ ပြောစကားရှိသည်၊ ပိုးဖလံမျိုး မီးကိုတိုး ကိုယ်ကျိုးနည်းတတ်သည်-တဲ့၊ ကိုယ်ကျိုးနည်းပြီး သူများအကျိုးများလျှင်တော့ အကြောင်းမဟုတ်၊ ယခုတော့ ဘယ်သူမှ အကျိုးမရှိ၊ အကျိုးမရှိဟု ဆိုသော်လည်း စိတ်ကျေနပ်မှု အနည်းငယ်တော့ ရှိကောင်းရှိမည်၊ ဒါဟာလည်း အကျိုးစစ် အကျိုးမှန်မဟုတ်၊ မီးစတစ်ဘက် ရေမှုတ်တစ်ဘက် မဟုတ်၊ လုံးဝမဟုတ်၊ ရေတစ်ခွက်တည်းနှင့် တစ်တောလုံး လောင်နေသော မီးကို ငြှိမ်းသည်နှင့်သာ တူသည်၊ထိုသံယောဇဉ်တရားတို့၏ အလယ်၌ ချမ်းသာကို ရှာဖွေတိုင်း မတည်ငြိမ်မှုက ကြောင်တစ်ကောင် တိုးဝှေ့သည်၊ ရင်ကျက်မှုသည် တွေဝေခြင်း ငေးမောခြင်းနှင့် တွေတောကြံစည်ခြင်း၌သာ လမ်းဆုံးသည်၊ လမ်းဆုံးခြင်းသည် မဆုံးနိုင်သော လမ်းကို ဖန်တီးနေခြင်းသာ ဖြစ်သည်၊ အောင်မြင်မှုသည် နောက်ထပ် အောင်မြင်မှုတစ်ခုကို ငတ်မွတ်စေသည်၊ ကျဆုံးခြင်းသည် သံဝေဂနှင့် စိတ်ကျရောဂါကို မှားယွင်းစေသည်၊ ရောရောနှောနှော လိုချင်မှုမှာ မာန်မာနတွေ သွေးအလိမ်းလိမ်း ကပ်စေခဲ့သည်၊ တခါတရံ တော်လှန်ချင်စိတ်က ယခင်က တော်လှန်ခဲ့သူများ၏ ငြင်းဆန်မှုကို စော်ကားရာ ရောက်သလို ဖြစ်မည်လားဟု မဝေခွဲနိုင်သည့်အလျှောက် ကျွန်တော်တို့ လမ်းများခဲ့ကြသည်၊

လက်တွဲမခေါ်ရုံတမယ် လက်ယက်ခေါ်ယူမှုများ၏ ကြား၌ ကျွန်တော်တို့ ဗျာများခဲ့ကြသည်၊ နေမထိထိုင်မသာ ပေတံများကြား၌ ရှောင်ဖယ်သူနဲ့ လိုက်နာသူ ဘယ်သူမှ မအေးချမ်းနိုင် ဖြစ်ရသည်၊ အဲဒီ ပူပန်မှုသည် ကိုယ်ကိုတိုင် ဖန်တီးရယူထားသည့် ပူပန်မှုပဲဟု သိသော်လည်း ခါးသည်းသော အရာကိုမှာ ပို၍ ခွတွင်းတွေ့ခဲ့သည်၊ ဆင်ခြင်တုံတရားနှင့် ကျူးလွန်မှုသည် ဗုံလုံးတစ်လှည့် ငါးပျံတစ်လှည့်-သာ ဖြစ်ခဲ့သည်၊ ခွေးရူးကို မကြောက်၍ မဟုတ်၊ စင်ပေါ် ရောက်နေခြင်းကြောင့်သာ ခွေးရူးဆိုတာ ဘယ်လိုဟာလည်းဟု မေးနေကြခြင်း ဖြစ်သည်၊ ကျွန်တော်တို့ လက်ရှိကမ္ဘာသည် အရင်ကလို မဟုတ်တော့၊ အချိန်မရွေး တစ်နေ့ရွှေ တစ်နေ့ငွေ-သာ ဖြစ်သည်၊ ဆန့်သောလက် မကွေးမီ ကွေးသောလက် မဆန့်မီ-ဆိုသည့်အတိုင်း ဖြစ်သည်၊ ပျက်စီးလွယ်သော တီထွင်မှုများကြား၌ ကယ်ဆယ်ရေးအဖွဲ့၏ အကူအညီသည် အမြဲလိုအပ်နေတတ်သည်၊ သစ်သားသင်္ခါရ သံသင်္ခါရတော့ လူတိုင်း ရှိချင်ကြသည်၊ ပျက်ချိန်တန်ခြင်း မတန်ခြင်းသည် ကိုယ်နှင့် မဆိုင်သလို ဖြစ်နေတော့သည်။ ဘာကြောင့် ဘာကို အလွန်အမင်း ဖတ်တွယ်မိခဲ့ပါလိမ့်ဟု ဆန်းစစ်ကြည့်မိလျှင် အားလုံးက ဒီလိုပါပဲဟုသာ တစ်သံတည်း ရောကြိတ်ကြလိမ့်မည်၊ ထပ်ပြီး သံယောဇဉ်ဘီလူး ၀င်ပူးကြပြန်သည်၊ မေ့မေ့ပျောက်ပျောက် ပြုံးပျော်နေကြလိမ့်မည်၊ ထိုအပြုံးသည် မျက်ရည်ပေါက်ကြီးငယ် များစွာထက် အဆ ရာထောင်မက ဝေဒနာခံစားရမည်ကိုတော့ မည်သူမျှ သိကြလိမ့်မည် မဟုတ်၊ ဒုက္ခနှင့် ပတ်ပင်းတိုးကြသောအခါ ဘ၀ကို မေ့ထားပြီး ရူးချင်ယောင် ဆောင်ကြလိမ့်မည်၊ နှလုံးသားများကတော့ လွင့်ဝဲနေသော သစ်ရွက်တွေလို ဘယ်နေရာကို ကျရမှန်းမသိ ရည်ရွယ်ချက် ကင်းမဲ့နေကြသည်၊
လမ်းမဆုံးနိုင်ပါ ကျွန်တော်သည် လမ်းမဆုံးနိုင်ပါ၊ ထို့ကြောင့် လမ်းမဆုံးနိုင်ပါ၊ လမ်းဆုံးနိုင်သည်၊ ကျွန်တော်သည် လမ်းဆုံးနိုင်သည်၊ ထို့ကြောင့် လမ်းဆုံးနိုင်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ မဇ္ဈိမပဋိပဒါလမ်းစဉ်သည် လူသားတိုင်း အတွက် စင်းလုံးချော မှန်ကန်သော လမ်းစဉ်ဖြစ်သည်ဟုသာ ကျွန်တော် ပြောနိုင်ပါသည်၊ သို့သော် မိတ်ဆွေ မိမိကိုယ်တိုင် သွားပါ။ မိမိကိုယ်တိုင် သွားပါ။ မိမိကိုယ်တိုင် သွားပါ။

Categories: Uncategorized | Leave a comment

ကလေးလိုဖ်ရှိုး

လင့်ကိုနှိပ်ပါ
http://www.mediafire.com/?426g18j0pjbqw6x

Categories: Uncategorized | Leave a comment

ဒီလှိုင်း (စာစောင်)

၂၀၁၂-ခုနှစ် ဇန်န၀ါရီ (၁၆)ရက် တနင်္လာနေ့မှ  စတင်၍ NLD-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒီလှိုင်း အမည်ရှိစာစောင်ကို (၂)ပတ်လျှင် တစ်ကြိမ် ထုတ်ဝေမည်ဟုသိရသည်။

ကနဦး ဒီလှိုင်းစာစောင်ကို စောင်ရေတစ်သိန်းရိုက်နှိပ်၍ တစ်စောင်လျှင် (၂၀၀)ကျပ်နှုန်းဖြင့် မြို့နယ်တာဝန်ခံများကို ရောင်းချပေးသည်။

မြို့နယ်တာဝန်ခံများအနေဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်သည်ဟု သိရသည်။

သို့သော် တစ်စောင်လျှင် (၃၀၀)ကျပ်ထက် ပိုမရောင်းဟုလည်းသတိပေးထားလေသည်။

 

 

Categories: Uncategorized | Leave a comment

ထလော့ မြန်မာ

ထလော့မြန်မာ အိုမြန်မာတို့
ဒို့ရွာဒို့မြေ ဒို့ရွာမြေ၀ယ်
စေတီစပါး များလဲများ၏
များပါသော်လဲ တမွဲမွဲနှင့်
ဆင်းရဲကသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
ပုထိုးမြင့်ဟောင်း ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက် မစားလေရ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့
ဒို့ရွာဒို့ပြည် ဒို့ရွာမြေ၀ယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပြား များလဲများ၏
များဘိလေလဲ တမွဲမွဲနှင့်
ဆင်းရဲကသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
လောကပြိတ္တာ ဖြစ်မည်တည်။
ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
ကိုယ်ကစ၍ ငါကအားလုံး
လက်ရုံးများမြောင်ဉာဏ်များမြောင်နှင့်
ဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤသာသနာဟာ ဘယ်သူ့သာသနာလဲ
ထလော့တာဝန် ကျေလော့လုပ်ငန်း
ဉာဏ်ရှေ့မှန်း၍ တ၀မ်းတစိတ် ညီစေသတည်း။
(ဇော်ဂျီ)

Categories: Uncategorized | Leave a comment

myanmar

myanmar

country

Categories: Uncategorized | Tags: | Leave a comment